on Sunday, December 2, 2012

လောင်မြိုက်နေတဲ့
နေမင်းကြီးလည်း အိပ်စက်လေပြီ.........
လင်းလတ်နေတဲ့ ကြယ်လေးတွေလည်း
ချစ်တေးဆိုပြီး ရီးလေးခိုနေကြပြီလေ
လမင်းကြီးရဲ့   အေးစက်တဲ့ အထိအတွေ့  ကြား
ဗရပွရင်ခွင်နဲ့  အတူ
ငိုသံတွေ လှောင်ပိတ်လို့
အတိတ်ကိုသံဘောင်ခတ်ရင်း
ဘောင်ကျဉ်းကျဉ်းလေးထဲမှာ
ငိုသံတွေနဲ့  ဆူညံလို့
တယူသန် အတွေးနဲ့
မေးလိုက်တယ်
မောင်လည်းဘောင်ကျဉ်းကျဉ်းလေးထဲမှာပါ
ချစ်သူ.......................။


                                       သူငယ်ချင်းလေး ရဲ့ ကဗျာလေး ကို တင်ထားခဲ့တာပါ